26 C
Yangon

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသော Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်မပြုတော့ဘဲ ၁၀ နှစ်ပိတ်ပင်

Must read

ရန်ကုန်၊ ဩဂုတ် ၇

ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသော Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင် ပီတကို နိုင်ငံရေးတွင် ၁၀ နှစ်တာ ပါဝင်ဆောင်ရွက်ခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

ယနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ၊ Chaithawat Tulathon အပါအဝင် ပါတီထိပ်တန်းအဖွဲ့ဝင်များကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၏ ဘုရင်နှင့် မိသားစုကို ကာကွယ်ထားသော တော်ဝင် ဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု Move Forward ပါတီက ပြောဆိုမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုသို့ အရေးယူ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article