ရန်ကုန်၊ ဩဂုတ် ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့အရှေ့ဘက်မြို့အဝင် စာသင်ကျောင်းရှေ့ရှိ စစ်ဆေးဂိတ်ကို ဖောကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဆီမီးခုံမြို့ အရှေ့ ဘက်မြို့အဝင် စာသင်ကျောင်းရှေ့ရှိအကြမ်း ဖက်စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ယင်းဂိတ်ရှိ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စာသင်ကျောင်အတွင်းရှိ စစ်ကောင်စီတပ် သားတစ်ဦးက အဆက် မပြတ်ပြန်လည် ပစ်ခတ်နေသဖြင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်၊ ခဲယမ်းများ အေးအေး ဆေးဆေးကောက်ယူချိန် မရရှိခဲ့ပဲ အနီးရှိ သေဆုံးစစ်သားထံမှ သေနက် ၁ လက်၊ ကျည် ၁၉ တောင့်၊ ဖုန်း ၁ လုံးသာ ကောက်ယူနိုင်ခဲ့ပြီး ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကိုရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြင်းခြံ) နှင့် Aung San’s Blood Civilian Defense Force (ABCDF) မဟာမိတ်ညီနောင်နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar