အရာတော်မြို့နယ်တွင် ကျောင်းသားပြည်သူများ ပူးပေါင်းပြီး ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဩဂုတ် ၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ကျောင်းသားပြည်သူများ ပူးပေါင်းပြီး ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်