ဆားလင်းကြီးမြို့နယ်တွင် ၈၈၈၈ အထိမ်းအမှတ် ကျဆုံးရဲဘော်များအတွက် ဝါဆို သင်္ကန်းကပ်လှူ၍ ရေစက်ချအမျှဝေ
ရန်ကုန်၊ဩဂုတ် ၈
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ယနေ့ကျရောက်သော ၈၈၈၈ ၃၆နှစ် ပြည့်အထမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြကြောင်း သိရှိရသည်။
ခေတ်အဆက် သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများ ၊ ၈၈၈၈ ဒီမိုကရေစီတိုက်ပွဲ အတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများ ၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများကို ရေစက်ချအမျှဝေ၍ ကုသိုလ်ပြုခဲ့ကြကြောင်း သိရှိရသည်။