27 C
Yangon

တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုရားစေတီနှင့် ဘုန်းကြီးကျောင်းပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးရွာရှိ ကမ်းပါးယံ ဘုန်းကြီး ကျောင်း ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီ ၃၄ မိနစ်ခန့်တွင် ပြဿဒ်ကြီးရွာ ကမ်းပါးယံ ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူး။ အဆောက်အဦးတွေ ဘုရားစေတီတွေတော့ ပျက်ဆီးသွားပါတယ်။ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ခဲ့တာပါ” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း ဘုရားလှရွာအနီး အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article