26 C
Yangon

မန္တလေးတွင် စစ်တပ်နှင့် ပျူစောထီးများက MNDAA ဆန့်ကျင်ရေးစာများနှင့် စစ်ကောင်စီ၏ အလံများ ဖြန့်ဝေပြီး ဓာတ်တိုင်များတွင် လိုက်ကပ်

Must read

လားရှိုးတွင် MNDAA အလံ လွှင့်ထူမှုကို တန်ပြန်ဆောင်ရွက်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးမြို့ပေါ် တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက MNDAA ဆန့်ကျင်ရေးစာများနှင့် စစ်ကောင်စီ၏ အလံများ ဖြန့်ဝေပြီး ဓာတ်တိုင်များတွင် လိုက်လံကပ်နေကြောင်း မန္တလေးမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး မဟာအောင်မြေမြို့နယ်၊ ရေနီမြောင်းစျေး တစ်၀ိုက် အပါအဝင် မန္တလေးမြို့ပေါ် နေရာအနှံ့အပြားတွင် ကိုးကန့် MNDAA ဆန့်ကျင်စာများကို လိုက်လံကပ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ ဝါစိမ်းနီအလံများကိုလည်း ဓာတ်တိုင်များတွင် လိုက်လံကပ်နေကြောင်း သိရှိရသည်။

“ဒီနေ့ မနက်အစောကြီး မမဟာအောင်မြေမြို့နယ် ရေနီမြောင်းစျေး(တစ်ဝိုက်) နဲ့ ရပ်ကွက်တွေမှာ နိုင်ငံတော်အလံတံဆိပ်စတစ်ကာတွေကို စစ်ခွေးတွေကပ်သွားတယ်။ လာကပ်တာက မတ်တူး ရွှေငါးကား(အမည်းရောင်)နဲ့ Maskတပ်ထားသူ လူလတ်ပိုင်းအရွယ်တွေ လိုက်လံကပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးမြို့ လူစည်ကားသော နေရာတချို့တွင်လည်း စစ်ကောင်စီအလံများကို ဝါးလုံးဖြင့် ထိုးစိုက်ထောင်သွားပြီး နေရာအနှံ့အပြားတွင် ကိုးကန့် MNDAA ဆန့်ကျင်ရေး စာရွက်များကို ကားပေါ်မှ ကျဲချသွားမှုများလည်းရှိကြောင်း သိရှိရသည်။

မန္တလေးအခြေစိုက် တပ်ဖရဲသီးသတင်းရင်းမြစ်ကမူ လားရှိုးတွင် MNDAA အလံများကို လွှင့်ထူသဖြင့် တန်ပြန်သဘောအဖြစ် စစ်ကောင်စီက မန္တလေးတွင် စစ်ကောင်စီ၏ ဝါစိမ်းနီ အလံများကို လွှင့်ထူပြခြင်းဖြစ်ကြောင်း၊ မန္တလေးကို အကျမခံဆိုသော သဘောဖြင့် အလံများ ကပ်သည့်လှုပ်ရှားမှုများ လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article