33 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနှင့် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ရှားရောင်းရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိနာခဲ့သဖြင့် မြသိန်းတန်ဘုရားအနီးရှိ ရှားရောင်းကျေးရွာမှ ပြည်သူ့နေအိမ် ၂ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

“တိုက်ပွဲက အခုတော့ ငြိမ်သွားပါပြီ။ စဖြစ်တုန်းကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ် ခတ်ကြပါတယ်။ မီးရှို့တာလည်းငြိမ်သွားပြီ။ နေအိမ်တစ်လုံး ၂ လုံးလောက် မီးရှို့ခံရတယ်။ စခတွေ ဘက်က အထိအခိုက်များနိုင်တယ်။ PDF တွေဘက်ကလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ အ သေး စားရထားတယ်လို့ သိရပါတယ်။ အခုတော့ စခတွေက မြသိန်းတန်ဘုရားပေါ်မှာ နေရာယူ ထားပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အရှေ့ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း ၃၇၀၃ တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၁၆ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပုဇွန်မြောင်းကျေးရွာသည် လူထုဦးလှ၏ မွေးရပ်ဇာတိ ဖြစ်ပြီး အိမ် ခြေ ၁၆၀၀ ဝန်းကျင်ရှိ သည့်ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ လွန်ခဲ့သော ၂ နှစ်ခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာနေ ပြည်သူ ၇၀၀၀ ကျော်နေရပ်စွန့်ခွာနေကြရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုဇွန်မြောင်း ကျေးရွာအတွင်းရှိ ပြည်သူပိုင် အိုးအိမ် များနှင့် သာသနိကပိုင် အဆောက်အဦးများကို ဖျက်ဆီးသည့်အပြင် လက်ညှိုးထိုး ရောင်းချမှု များလည်း ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article