27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်း တွေ ၊ စစ်အရာရှိတွေ နဲ့ စစ်သားတွေ ၊ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်မှုတွေ စတင်နေပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုမှာဖြစ်တယ်လို့ MNDAA သတင်းရင်း မြစ်ကပြောထားတဲ့အပြင် ၊ တော်လှန်ရေးဘက်မှာ ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေကို အုပ်ချုပ်ရေး ယန္တရားနဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေမှာ ပြန်လည်ခန့်အပ်ဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။
  • မန္တလေးတိုင်းက တကောင်းမြို့ကို သိမ်ပိုက်လိုက်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မြို့ထဲကို ဝင်လာ တဲ့အချိန် ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ထားပါတယ်။
  • ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၇၀၀၀ ကျော်တဲ့ အထိ စံချိန်တင်မြင့်တက်သွားပြီး စီးပွားရေးကဏ္ဍတစ်ခုလုံးရုပ်ပျက်ဆင်းပျက်ကိုဖြစ်နေပြီလို့ စီးပွားရေး လုပ်ငန်းရှင်တွေကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article