27 C
Yangon

မြင်းခြံရှိ သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ ရပ်နားလိုက်၍ ဓာတ် အား မဂ္ဂါဝပ် ၄၉၂၀ လျော့ကျပြီး ရန်ကုန် တိုင်းတွင် လျှပ်စစ်မီးများ ပြတ်တောက်ဦးမည်

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ မြင်းခြံရှိ သဘာ၀ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ရုံ အရေးပေါ် ရပ်နားလိုက်၍ ဓာတ်အား မဂ္ဂါဝပ် ၄၉၂၀ လျော့ကျပြီး ရန်ကုန်တိုင်းတွင် လျှပ်စစ်မီးများ ပြတ်တောက်ဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာ၀ ဓာတ်ငွေ့သုံးလျှပ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ (မြင်းခြံ) နှင့် Sembcorp သဘာ၀ ဓာတ်အားသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ (မြင်းခြံ)တို့မှာ ဩဂုတ်လ ၁၂ ရက်နေ့တွင် စက်များအရေးပေါ်ရပ်တန့်ခဲ့ရသည့်အတွက် အဆိုပါဓာတ်အားပေးစက်ရုံ ၂ ခုက ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ် နာရီခန့်လျော့နည်းနေကြောင်း ၊ သို့ဖြစ်ပါ၍ အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရေအားလျှပ် စစ် စက်ရုံများထံမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ၀န်အားထိန်းညှိ‌မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲ၀န်အားထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းနှင့် စက်မှုဇုန် များအား ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

စင်ကာပူအခြေစိုက် Sembcorp Industries အနေဖြင့် မြန်မာနိုင်ငံတွင် လတ် တလော မငြိမ်မသက်မှုများကြောင့် မြင်းခြံရှိ 225-MW သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယာယီပိတ်သိမ်းလိုက်ကြောင်း၊ စင်ကာပူအခြေ စိုက် Temasek ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Sembcorp က မြင်းခြံရှိ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းလည်ပတ်မှုများကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Sembcorp အနေဖြင့် အခြေအနေများ တည်ငြိမ်သွားသည်နှင့် လုပ်ငန်းလည် ပတ်မှုများ ပြန်လည်စတင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ Sembcorp အနေဖြင့် ဝန်ထမ်းများ၏ လုံခြုံရေးနှင့် စက်ရုံအတွက် ကာကွယ်ရေးအစီအမံများကို ထားရှိထားကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ – လျှပ်စစ်မီးမရရှိသည့်အတွက် ဖယောင်းတိုင်ထွန်းနေရသည့် ပြည်သူတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လျှပ်စစ်မီးမရရှိသည့်အတွက် ဖယောင်းတိုင်ထွန်းနေရသည့် ပြည်သူတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article