26 C
Yangon

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ရာထူးမှဖယ်ရှား

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ထိုင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရှိရသည်။

တရားရုံးအရာရှိတစ်ဦးကို လဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသော Pichit Chuenban ကို ဝန်ကြီးချုပ်ရုံးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို အခြေခံဥပဒေချိုးဖောက်သည်ဟုဆိုကာ အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရသည့်အတွက် ၎င်းဖွဲ့စည်းထားသော အစိုးရ အဖွဲ့လည်း ပျက်ပြယ်သွားပြီး ဝန်ကြီးချုပ်အသစ် ကို လွှတ်တော်တွင် ထပ်မံ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article