29 C
Yangon

ရေဦးမြို့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် လူအင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေချိန် MI-35 ရဟတ်ယာဉ်က ကျေးရွာများကို ထပ်မံ ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လူအင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေချိန် MI-35 ရဟတ်ယာဉ်က ကျေးရွာများကို အကြောင်းမဲ့ ထပ်မံ ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က MI-17 ရဟတ်ယာဉ်ဖြင့် ရေဦးမြို့ကို လူအင်အားနှင့် ရိက္ခာ ဖြည့်တင်းရန် လုပ်ဆောင်စဉ် လုံခြုံရေး အဖြစ်လိုက်ပါလာသော MI-35 ရဟတ်ယာဉ်ဖြင့် ရေဦးမြို့အရှေ့ မူးမြစ်အနီးတဝိုက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က ရေဦးမြို့ကို ရဟတ်ယာဉ်ဖြင့် ရိက္ခာဖြည့်တင်းမှု ပြုလုပ်စဉ် လေကြောင်းဖြင့် အမြဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိပ်လန့်နေရကြောင်း သိရှိရသည်။

“မနေ့က ညနေမှာ ထပ်တက်လာတဲ့ Mi17 ဟာ ရေဦးကို ထပ်ဆင်း အင်အား အတင်အချလုပ်နေတုန်း Mi35 က ရေဦးမြို့ အရှေ့ မူးမြစ် အနီးတဝိုက်ကို ပတ်ဝဲပြီး လေကြောင်းထပ်ပစ်သွားတယ်။ အကြောင်းမဲ့သက်သက် ပစ်တာပါ။ ဘာမှလဲဖြစ်မထားဘူး ရေဦးကို အင်အားချတာနဲ့ ကိုယ့်ဘက်က အဖွဲ့တွေ ဝင်ပစ်မှာကို တအားကို ကြောက်လှန့်နေတယ်။ Mi17 ဆင်းတိုင်း ရမ်းကားပစ်ခတ်နေတာ ရေဦးနဲ့ ကပ်ရက်ရွာတွေကို ပစ်တာ ပြည်သူတွေလည်း လေကြောင်း ထပ်ပစ်မှာကို ကြောက်လို့ အရေးပေါ် ထွက်ပြေးနေကြရတယ်။ လေကြောင်းပတ်ဝဲခံရတဲ့ရွာ ၃ ရွာ နဲ့ ၄ ရွာလောက် ရှောင်နေကြပြီ ခွေးစစ်ကြောင်း ထိုးဖို့သတင်းလည်း ပြည်သူတွေထံ ပေါက်ကြားနေတော့ တခြားရွာတွေကလည်း နေ့ညရှောင်ကြဖို့ ပြင်ဆင်ထားကြတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article