26 C
Yangon

မင်းလှမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ အချက်အလက်များကို စစ်တပ်ထံ ပေးပို့နေသည့် ဇရစ်​မျှောင်ရွာ ရာအိမ်မှူး ထွန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ အချက်အလက်များကို အကြမ်းဖက် စစ်တပ်ထံ ပေးပို့နေသည့် ဇရစ်​မျှောင်ရွာ ရာအိမ်မှူး ထွန်းထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဇရစ်​မျှောင်ကျေးရွာမှ ရာအိမ်မှူး ပျူစောထီး ထွန်းထွန်းသည် နေအိမ်၌ ရှိနေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၂ ချက် ထိမှန် သေဆုံးသွားပြီး ၄င်းထံမှ လက်ပစ်ဗုံး ၁ လုံးနှင့် မိုလ်ဘိုင်းဖုန်း ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူး ထွန်းထွန်း သည် တော်​လှန်​ရေး တပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို အကြမ်းဖက် စစ်တပ်ထံ ထောက်​လှမ်း ​သတင်းပို့ခြင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ၄င်းတို့၏ ကားဖြင့် အကြိုအပို့ လုပ်ပေးခြင်းနှင့် ရိက္ခာများ ဝယ်ယူပေးခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“သူက ရဲဘော်တွေ နောက်လိုက်ပြီး စုံစမ်းနေတာ စစ်ခွေးတွေကို ကားနဲ့ ရိုးမထဲ အကြိုအပို့လုပ်ပေးတယ်။ စစ်ခွေးတွေအတွက် စားဖို့ သောက်ဖို့ ရိက္ခာတွေဝယ်ပေးတယ်။ အဲတာကြောင့် အခုမနက် ၉ နာရီလောက်မှာ သူအပြင်သွားဖို့ လုပ်နေတုန်း ခေါင်းကို၂ ချက်ပစ်ပြီး ရှင်းလိုက်တာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ် ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါ ထောက်တိုင်များအနီး ပြည်သူများအနေနဲ့ သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article