28 C
Yangon

နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီ တရားဝင် ကြေညာ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာမှုများကိုအားလုံးကို လေဆိပ်နှင့်နယ်စပ်ဂိတ်များတွင် စိစစ်တားမြစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် ကြေညာသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင်သက်သေခံ OWIC ရရှိမှသာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရန်ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေအရလည်း အလုပ်သမားများနေဖြင့် မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ပါက ပြည်ပထွက်ခွာရန် မသင့်တော်သဖြင့် ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့ကြောင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် Passport for Job -PJ ဖြင့်သာ သွားရောက်ရမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်ပြီးမှသာ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

အလည်အပတ် နိုင်ငံကူးလက်မှတ် PV အမျိုးအစား ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ ထွက်ခွာလျှင် လေဆိပ်နှင့်နယ်စပ်ဂိတ်များက စိစစ်တားမြစ်ခြင်းခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် PJ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် OWIC ကတ်လျှောက်ထားရယူပြီးမှ ပြည်ပထွက်ခွာကြရန် စစ်ကောင်စီက ကြေညာသည်။

“အခုက အသက် ၂၃ နှစ်ကနေ အသက် ၃၂ နှစ်အတွင်း လူငယ်အမျိုးသားတွေကို PJ နဲ့ ပြည်ပအလုပ်အကိုင်သွားရောက် လုပ်ကိုင်ခွင့် ပိတ်ပင်ထားတယ်။ အဲဒီတော့ PV နိုင်ငံကူးလက်မှတ်တွေနဲ့ လူငယ်တွေက နိုင်ငံခြားထွက်နေရတာလေ။ အခုက အဲဒီလို ပိတ်ပင်တော့ လူငယ်တွေမှာ ပြည်ပ သွားရောက်ခွင့်မရှိတော့ဘူးဖြစ်နေတယ်။ PV နဲ့သွားတဲ့ လူငယ်အမျိုးသားတွေကို လေဆိပ်က လှည့်ပြန်ခိုင်းနေတာ တော်တော်များလာပြီ။ အဓိက သူတို့အတွက် စစ်မှုထမ်းပေးမယ့် စစ်သားသစ်အဖြစ် လူစုဆောင်းစရာလူမရှိမှာစိုးလို့ အဲဒီလို ပိတ်ပင်နေတာ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်၊ ပြည်ပထွက်ခွာဂိတ်မြင်ကွင်း ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- EPA ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်၊ ပြည်ပထွက်ခွာဂိတ်မြင်ကွင်း ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article