ရန်ကုန်၊ ဩဂုတ် ၁၅
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဆန္ဒအလျောက် လက်နက်ချ အလင်းဝင်မှုအတွက် MNDAA က ငွေကျပ် သိန်း ၇၀ ချီးမြှင့်ပြီး အထူးဒေသ ၁ တွင် နေထိုင်ခွင့်ပြုလိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ချအလင်းဝင်သူများကို MNDAA က ဆုချီးမြှင့်ရာတွင် သြဂုတ်လ ၁၃ ရက်နေ့တွင် လက်နက်ချအလင်းဝင်သည့် စစ်သည် ၇ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသည် လားရှိုးမြို့သိမ်း တိုက်ပွဲ အစောပိုင်းအဆင့်တွင် မဟာမိတ်တပ်ထံ လက်နက်ချခဲ့ကြောင်း ၊ လက်နက်ချအလင်းဝင်သူ ၇ ဦး၏ ကိုယ်ပိုင်ဆန္ဒအရ အာဏာသိမ်းစစ်တပ်မှ စစ်မြေပြင်သို့ အတင်းအကျပ် စုဆောင်းကာ စစ်မြေပြင်သို့ ပို့ဆောင်ခြင်းမျိုး မဖြစ်စေရန်အတွက် အထူးအုပ်ချုပ်ရေးဒေသ ၁ နယ်မြေအတွင်း ဆက်လက်နေထိုင်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar