ဒီကနေ့ ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းမြောက်က တိုက်ခိုက်မှု ဖြစ်စဉ်တွေကို တရုတ်က ဆန့်ကျင်တဲ့ အချက်ဟာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ သာပါဝင်ပြီး တရုတ်အစိုးရသတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ လုံးဝ မပါဝင်ပဲ ၊ စစ်တပ်လော်ဘီတွေရဲ့ တရုတ်နိုင်ငံကို အိုးမဲသုတ် အပုပ်ချနေတဲ့ ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်တယ်ဆိုပြီးတော့သာ တရုတ်က သတိပေးသွားတယ်လို့ သိရပါတယ်။
- ပြည်တွင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အပ်ငွေ နဲ့ ချေးငွေ အတိုးနှုန်းတွေ ထပ်မံ တိုးမြှင့်လိုက်ပြန်တဲ့အတွက် ပြည်တွင်း စီးပွားရေးပြိုလဲမှုဟာ ပိုမိုဆိုးရွားမယ့် အခြေနေဖြစ်နေပြီလို့ UMFCCI အဖွဲ့ဝင် စီးပွားရေးသမား ၁ ဦးက ပြောပါတယ်။
- ဧရာ၀တီတိုင်းက မြောင်းမြအကျဉ်းထောင်မှာ ရိုဟင်ဂျာ အကျဉ်းသား ၄ ဦးဟာ လွတ်ရက်စေ့နေ တာတောင် ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ ညှဉ်းပန်းနှိပ်စက်ခံပြီး သေဆုံးသွားခဲ့တဲ့အပြင် ၊ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်မှုတွေ အကြီးအကျယ်လုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar