30 C
Yangon

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံ၌ အထိုင်ချတပ်စွဲထားသော အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ ဘဏ္ဍာရှာဖွေရေး တာဝန်ခံ ကိုဟရုနာကာဂျီမာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းက ငါးဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ရှိ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ္စည်းတော့မရခဲ့ဘူး။ တိုက်ပွဲက နာရီလောက်ကြာခဲ့တယ်။ မြို့သာမြို့ထဲဘက်ကရော အနီးအနား အထိုင်စခန်းတွေကရော စစ်ကူအင်အားတွေ ရောက်လာလို့ လုံခြုံရေးအရ ပြန်ဆုတ်ခဲ့ရလို့ပါ။” ဟု ငါန်းဇွန်မြို့နယ် ပကဖ ဘဏ္ဍာရှာဖွေရေး တာဝန်ခံ ကိုဟရုနာကာဂျီမာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ ၊ စဉ့်ကိုင်မြို့နယ် ပကဖ ၊ မြင်းခြံ 35 ပြောက်ကျား တပ်ဖွဲ့ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ – မြင်းခြံနှင့် ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article