ရန်ကုန်၊ ဩဂုတ် ၂၀
မန္တလေးတိုင်း၊ တောင်သာမြိုနယ်၊ နတ်စောင့်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များက မီးရှိ ဖျက်ဆီးပြီးနောက် အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ ခဲယမ်းအချိုသိမ်းဆည်း ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း MDA – 3 Taungtha Youth မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
ဩဂုတ်လ ၁၈ ရက်နေ့ တောင်သာမြိုနယ်၊ နတ်စောင့်ကျေးရွာတွင် ဂိတ်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများက စခန်းစွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များက သွားရောက်မီးရှိဖျက်ဆီးခဲ့ကြောင်း၊ ထိုသို စစ်တပ်ဂိတ်စခန်းကို မီးရှိဖျက်ဆီးပြီးနောက် ဇဂျမ်း ကျေးရွာတောင်ဘက်တွင် ကင်းပတ်နေသော စစ်သား၊ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
“ဂိတ်စခန်းက စစ်ခွေးတွေ စခန်းစွန့်သွားလို မီးသွားရှိခဲ့တာ၊ အပြန်မှာ ဇဂျမ်းရဲစခန်းကနေ ကင်းပတ် လာတဲ့ စကစတွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ် လောက်ပဲ ကြာမယ်။ စစ်သားတွေ ခွေးပြေး၊ ဝက်ပြေး ထွက်ပြေးကြလို ကျကျန်ခဲ့တဲ့ ပစ္စည်းတချိုကို ကောက်ယူ သိမ်းဆည်းနိုင်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ အတိအကျ မသိရသေးပါဘူး။ ဆိုင်ကယ်တွေနဲ့ စစ်သားတွေ ပြန်ပြေးသွား ကြတာ” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း MDA – 3 Taungtha Youth မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
ထိုသို တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများ ထွက်ပြေးသွားစဉ် ခဲယမ်းအချိုနှင့် ငွေကျပ် ၅ သောင်း ကျကျန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့် ညီနောင်မဟာမိတ်တပ်ဖွဲများ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်များ စွန့်ခွာသွားသော နတ်စောင့်ကျေးရွာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို မီးရှိဖျက်ဆီးနေစဉ် အခြေအနေနှင့် စစ်ကောင်စီတပ်များ ကျကျန်ခဲ့သော ခဲယမ်းတချို။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar