29 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အပါအဝင် နိုင်ငံတစ်ဝန်းက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီး စာရင်းတွေကို ကောက် ယူနေပြီဖြစ်သလို ၊ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူမယ့် ကိစ္စကြောင့် UMFCCI ကပါ စက်ရုံ၊ အလုပ်ရုံတွေ မထိ ခိုက်အောင် ကြိုတင်ပြင်ဆင်တာတွေ လုပ်လာနေပြီလို့ သိရပါတယ်။
  • ကချင်ပြည်နယ် ၊ မိုးမောက်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခမရ ၄၃၇ တပ်ရင်းကို KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၃ ရာကျော်ဟာ အသီးသီး သေကုန်ကြပြီလို့ ဖမ်းဆီးရမိထားတဲ့ စစ်တပ်အရာရှိ ၁ ဦးက ဝန်ခံထွက်ဆိုထားတဲ့အကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ တောင်သာမြို့နယ်မှာရှိတဲ့ နတ်စောင့်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက် မီးရှို့ရှင်းလင်းပြီးတဲ့နောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံး ကစဉ့်ကလျားနဲ့ ထွက်ပြေးကုန်ကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article