ရန်ကုန်၊ ဩဂုတ် ၂၁
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် Julie Bishop တို့ တွေ့ဆုံကြောင်း တရုတ်သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ယမန်နေ့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်ခံ့ရေးကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို တရုတ်နိုင်ငံက အားလုံးထက် အလိုလားဆုံးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကမူ မြန်မာ့အရေး ဖြေရှင်းရေးအတွက် တရုတ်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆောင်ရွက်သွားလိုကြောင်း၊ ထို့ပြင် အာဆီယံနှင့်အတူ မြန်မာ့အရေး ဖြေရှင်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar