27 C
Yangon

တနင်္သာရီ၊ ထုံမခါရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံမခါရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ထုံမခါရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေ၍ ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့လာပစ်တာပါ။ ဗုံးသီး ၂ လုံးလည်း ကျဲချသွားတယ်။ ပွိုင့်ဖွိုက်နဲ့လည်း ဘုန်းကြီးကျောင်းထဲ ပစ်သွားတယ်။ ဘုန်းကြီးကျောင်းထဲက ပြည်သူ ၃ ဦး ဒဏ်ရာရတယ်”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်းရှိ ၆ မိုင်ရွာ၊ ဆင်ခေါင်းရွာနှင့် ကဏန်းကွင်းရွာ တို့ကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article