33 C
Yangon

မြင်းခြံမြို့နယ်၊ ဆီမီးခုံရဲစခန်းနှင့်ဆုံရွာ ပျူစောထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရဲစခန်းနှင့် ဆုံရွာ ပျူစောထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ် ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မြင်းခြံမြို့နယ်၊ ဆုံရွာရှိအကြမ်းဖက်စစ်သား၊ ပျူ စောထီး ပူပေါင်းတပ်စွဲထားသည့် ကင်းစခန်းပေါ်သို့ Fixed-Wing ဒရုန်း နှစ်စီးဖြင့် ၈ဝဝ ဂရမ် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကင်းစခန်းများပေါ်သို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် ဆီမီးခုံမြို့ရဲစခန်းအတွင်းသို့ Fixed-wing ဒရုန်း ဖြင့် ၈၀၀ ဂရမ် ဗုံး ၁ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ စခန်းတွင်းကျပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲများက ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“၃ ယောက်ထိတယ်လို့ သတင်းရသေးတယ်၊ ဆီမီးခုံရဲစခန်းက စုံစမ်းမရသေးဘူး။ ဗုံးချ နေတဲ့ အ ချိန် မှာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပါတယ်” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြင်းခြံ) နှင့် Aung San’s Blood Civilians Defense Force (ABCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article