33 C
Yangon

တောင်သာနှင့် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ဒါန်းတိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ဒါန်းတိုင်ရွာကို တောင်နီတာပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၆၀ မမ ၄ လုံး ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ်များ ပျက်စီးခဲ့ပြီး နွား ၁ ကောင်လည်း ထိမှန်ခဲ့ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ ဒါန်းတိုင်ရွာ ပတ်ဝန်းကျင်ကို လက်နက်ကြီးကျည် ကျတယ်။ တရုတ်ပိုက်လိုင်းကို အကာကွယ်ပေးတဲ့ သဘောနဲ့ ထုတာလဲဖြစ်နိုင်တယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့ရာ မိုးခိုကျေးရွာအတွင်းနှင့် ဝမ်ချဲကျေးရွာတို့ အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး မိုးခိုကျေးရွာရှိ စာသင်ကျောင်း ၁ လုံး လက်နက်ကြီး ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ည ၈နာရီ ၁၆ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျောင်းကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article