ရန်ကုန်၊ ဩဂုတ် ၂၇
တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်တွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုကို ယနေ့ စတင်လိုက်ပြီး အဆိုပါ စစ်ရေးလေ့ကျင်မှုသည် ရုတ်တရက် မည်သည့်အခြေအနေတွင်မဆို တုံ့ပြန်နိုင်ရန်နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများကို ကာကွယ်ရန် အမြဲအသင့်ပြင်ထားဟု တရုတ်စစ်တပ်၏ ပြောခွင့်ရ အကြီးတန်း ဗိုလ်မှူးကြီး Tian Junliက ပြောဆိုလိုက်သည်။
ယနေ့တွင် တရုတ်စစ်တပ်က တရုတ်-မြန်မာနယ်စပ် ၊ ယူနန်ပြည်နယ်တွင် လေကြောင်းနှင့် မြေပြင်တပ်ဖွဲ့များက ကျည်အစစ်များဖြင့် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများကို စတင်ခဲ့ကြောင်း၊ ယူနန်ပြည်နယ်တွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုသည် ၃ ရက်ကြာမည်ဖြစ်ပြီး ဩဂုတ် ၂၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ တရုတ်စစ်တပ်၏ မြေပြင်နှင့် လေတပ်များ ပါဝင်သည့် ၃ ရက်ကြာ ပစ်ခတ်မှု လေ့ကျင့်ခန်းကို ယနေ့တွင် စတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ဧရိယာထိန်းချုပ်ခြင်းနှင့် ပစ်ခတ်မှုစွမ်းရည်များကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်၏ အကြီးတန်း ဗိုလ်မှူးကြီး Tian Junli က ထုတ်ပြန်ပြောဆိုထားသည်။
“တရုတ်စစ်တပ်အနေနဲ့ ဘယ်လို ရုတ်တရက် အခြေအနေမျိုးမှာမဆို တုံ့ပြန်နိုင်ဖို့နဲ့ တရုတ်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံ ရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အမြဲတမ်းအသင့်ပြင်ထားပါတယ်” ဟု တရုတ်စစ်တပ်၏ အကြီးတန်း ဗိုလ်မှူးကြီး Tian Junli က ထုတ်ပြန်ပြောဆိုသည်။
တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် ရွှေလီမြို့၊ Zhenkang ခရိုင်၊ “၀” ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနီးတို့တွင် စစ်ရေး လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar