ရန်ကုန်၊ ဩဂုတ် ၂၈
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၈ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အစပ် သုံးပြင်ဆုံ ရခိုင်ရိုးမပေါ်ကို ကုန်စည်လမ်းကြောင်း ဖြတ်တောက်ရန် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို သုံးပြင်ဆုံကို ဖြတ်သန်းလာစဉ် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၂ က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ရေးအရှိန်မြှင့်တင်လာတာနဲ့အမျှ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိကထား တိုက်ခိုက်နေပြီ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အတူတကွ နေထိုင်သွားလာခြင်းများ မပြုလုပ်ကြဖို့ အသိပေးအပ်ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar