26 C
Yangon

၂၀၂၂ ခုနှစ်ကတည်းက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော အငြိမ်းစား ဗိုလ်ကြီးဟန်ညွန့် ကို တိုက်ပွဲဝင်ရင်း ကျဆုံးသည်ဟု စစ်ကောင်စီလော်ဘီများက သတင်းအမှားများ ဖြန့်ချိနေ၊ အငြိမ်းစားများပင် အသေခံတိုက်နေဟု စိတ်ဓာတ်ရေးရာ ဝါဒမှိုင်းတိုက်ဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

၂၀၂၂ ခုနှစ်ကတည်းက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော အငြိမ်းစား ဗိုလ်ကြီးဟန်ညွန့်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသည်ဟု စစ်ကောင်စီလော်ဘီများက သတင်းအမှားများ ဖြန့်ချိနေကြောင်း ဗိုလ်ကြီးဟန်ညွန့်၏ မိတ်ဆွေအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်များနှင့် ဖေ့ဘုတ်စ်စာမျက်နှာများပေါ်တွင် အငြိမ်းစား ဗိုလ်ကြီးဟန်ညွန့်ကို ဗိုလ်ကြီးဟန်သော်ညွန့် ဟု အမည် ပေး၍ သပိတ်ကျင်းတိုက်ပွဲတွင် အသေခံတိုက်ပွဲဝင်ရင်း ကျဆုံးသည်ဟု မဟုတ်မမှန် လုပ်ကြံ ဇတ်လမ်းများ ဖန်တီး ဖြန့်ဝေနေကြောင်း၊ စစ်တပ်လော်ဘီများက အငြိမ်းစားများပင် အသေခံတိုက်နေဟု စိတ်ဓာတ်ရေးရာ ဝါဒမှိုင်းတိုက်ရန် ဖြန့်ဝေခြင်းဖြစ်ကြောင်း၊ အမှန်တကယ်မှာ ဗိုလ်ကြီးဟန်ညွှန့်သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း၊ သေဆုံးခဲ့ပြီးသား လူကို တိုက်ပွဲကျသယောင် ဝါဒမှိုင်းဖြန့်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီးဟန်ညွန့်(ငြိမ်း)၏ မိတ်ဆွေက ရှင်းပြသည်။

“သူတို့ဘက်က ဒီလို အငြိမ်းစား ဗိုလ်ကြီးဟောင်းတွေတောင် ပြန်ပါတယ်ဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာ။ တကယ်က အဲဒီ ဗိုလ်ကြီးက အသက် ၆၈ နှစ်မှာ ကင်ဆာနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဆုံးတာပါ။ ဗိုလ်ကြီး ဟန်ညွန့်(ငြိမ်း)က ဟင်္သာတသားပါ။ သေပြီးသားလူကိုတောင် ဝါဒဖြန့်ဖို့ သုံးတာ အင်မတန်မှ ယုတ်မာတဲ့လုပ်ရပ်ပါပဲ” ဟု ဗိုလ်ကြီးဟန်ညွန့်(ငြိမ်း)၏ မိတ်ဆွေက ပြောဆိုသည်။

စစ်ကောင်စီလော်ဘီများနှင့် စစ်တပ်ထောက်ခံသူများ အသုံးပြုနေသော တယ်လီဂရမ် ချန်နယ်များနှင့် လူမှုကွန်ရက်များတွင် ရမခနှင့် လားရှိုးကို ပြန်သိမ်းပြီဟုလည်းကောင်း၊ လင်းယုန်အစာကောက်( တိုက်လေယာဉ်ဖြင့် ဗုံးကျဲ) မှုကြောင့် ရန်သူ ထောင်ချီ သေဆုံးသွားပြီဟုလည်း ကောင်း၊ တပ်ချုပ်ကြီး ကြမ်းတော့မည် ဟုလည်းကောင်း၊ အစရှိသော မဟုတ်မမှန် လုပ်ကြံသော သတင်းအတု၊ သတင်းအမှားများကို ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – အငြိမ်းစား ဗိုလ်ကြီးဟန်ညွန့်၏ နာရေးဖိတ်စာနှင့် မကွယ်လွန်ခင် ကျန်းမာရေး မကောင်းစဉ် မြင်ကွင်း၊ စစ်ကောင်စီလော်ဘီများ၏ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေသည့် လူမှုကွန်ရက်ပို့စ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article