27 C
Yangon

ကန့်ဘလူ၊ ချပ်ကြီးရွာ စစ်စခန်းမှ ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ ရရှိ၊ ရွှေဘိုနှင့် ရေဖြူတွင်လည်း စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်း ဆည်းရရှိခဲ့ကြောင်းအမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာစခန်းမှ အင်အား ၂၅၀ ခန့်ဖြင့် ထွက်လာ သော အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ချပ်ကြီးရွာတောင်ဘက် အရောက် တော်လှန်ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး၏ ရုပ်အလောင်းများနှင့်အတူ လက်နက်ငယ် ၃ လက်၊ ကျည် ၈၃၂ တောင့်၊ ကျည်အိမ် ၃ ခု၊ Equipment ၃ ခု၊ ယူနီဖောင်း ၃ စုံ၊ လက်ထိပ် ၃ ခု နှင့် ဓား ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂) နှင့် ဒေသခံ ပကဖ အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်အထွက်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့တောင်အထွက် မုဒ်ဦးတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ PDO Drone Team Federal Wings၊ တိုက်နယ် (၅) ပကဖ Fixed Wings Drone အဖွဲ့၊ ဘီလူးညီနောင် ပကဖ Fixed Wings Drone အဖွဲ့၊IC ပကဖ Fixed Wings Drone အဖွဲ့၊ အားမာန်ပကဖ Fixed Wings Drone အဖွဲ့၊ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် နယ်မြေခံ ပကဖ များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ပယကျေးရွာ ၊ ခွေးမဖောလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ပယကျေးရွာ ၊ ခွေးမဖောလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်ချ စစ်ဆေးနေသော စခန်းတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ၍ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဖြူပကဖ) နှင့် နဂါးနီပြောက် ကျားအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူများအနေဖြင့် လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိုက်ပွဲများ စစ်ဆင်ရေးလုပ်ငန်း များကို အရှိန်အဟုန် တိုးမြင့်စွာ လုပ်ဆောင်နေကြသည့် အချိန်ကာလတစ်ခု ဖြစ်နေသည့်အတွက် စစ်ရေးအထူး သတိပြု သွားလာလှုပ်ရှား နေထိုင်ကြရန် ရေဖြူမြို့နယ် ပကဖ က အသိပေးထားသည်။

ဓာတ်ပုံ – ကန့်ဘလူတွင် သိမ်းဆည်းရရှိသည့် လက်နက် ၃ လက်နှင့် ခဲယမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကန့်ဘလူတွင် သိမ်းဆည်းရရှိသည့် လက်နက် ၃ လက်နှင့် ခဲယမ်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article