27 C
Yangon

ပခုက္ကူမြို့၊ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ လုံခြုံရေးအစောင့် စစ်တပ်ကို ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် လုံခြုံရေးအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ် သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြိုင်ပကဖမှ တော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် ပခုက္ကူမြိုမစျေး၊ လွတ်လပ်ရေးပန်းခြံအနောက်ဘက်ရှိ စစ်ကောင်စီလက် အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ရှေ့ မီနီအိုးဝေပေါ်ရှိ စစ်သားများကို ခြောက်လုံးပြူးသေနတ်ဖြင့် ၃ချက်တိတိပစ်ခတ်ခဲ့ကြောင်း၊ စစ်သား ၁ ဦးမှာ နားထင် ၂ချက်နှင့် လည်ပင်းတစ်ချက်တွင် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါစစ်သားကို ပစ်ခတ်နေစဉ် ယာဉ်ထိန်းရဲ ၃ ဦးမှာ ဘဏ်ထဲသို့ ပြေးဝင်သွားကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် ခမရ ၂၅၃ တပ်ရင်းမှ စစ်သားတစ်ဦးသေဆုံးပြီးMA 3 သေနတ် ၁ လက်၊ ၅.၅၆ကျည်အမျိုးအစား ၂၄တောင့်အားသိမ်းဆည်းရရှိကြောင်း၊ ရဲဘော်တစ်ဦး၏ ဆိုင်ကယ်၁စီး သာဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင်ရဲဘော်များမှာ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှူကို မြိုင် ပကဖတပ်ရင်း-၃ တပ်ခွဲ၄ နှငိ့ DLP တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှူအပြီးတွင် စစ်သားများနှင့်ပျူစောထီးများက အများပြည်သူများကို ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိကြောင်း၊ထို့ကြောင့် ပြည်သူများ သတိဖြင့်သွားလာကြရန် တိုက်တွန်းကြောင်း ၊ ပစ်ခတ်မှုဖြစ်ပွားသော မြန်မာ့စီးပွားဘဏ်နှင့် ပခုက္ကူမြို့မရဲစခန်းမှာ မီတာ ၁၀၀ ခန့်သာဝေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article