30 C
Yangon

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာတွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချနေ

Must read

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာတွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချနေ

ရန်ကုန်၊ ဩဂုတ် ၃၀

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ကျဲချနေ ကြောင်း TNLA က ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၉၀၂ တပ်စခန်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး Y-12 လေယာဉ်ဖြင့် လက်နက်ခဲယမ်း ၈၅ ထုတ်ကိုလည်း လာရောက် ကျဲချ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ် အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်း ဖက်စစ်တပ် က ထိုးစစ်ဆင် လာ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article