27 C
Yangon

တစ်နိုင်ငံလုံးတွင် စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရေး စီမံချက်ကို ကြံ့ဖွတ်အမတ်ဟောင်း မြတ်မေတ္တာမွန် ဆီဆိုင်ပိုင်ရှင် ဒေါက်တာဝင်းမြင့်က ဦးဆောင် အကောင်အထည်ဖော်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရေး စီမံချက်ကို ကြံ့ဖွတ်အမတ်ဟောင်း မြတ်မေတ္တာမွန် ဆီဆိုင်ပိုင်ရှင် ဒေါက် တာဝင်းမြင့်က ဦးဆောင် အကောင်အထည်ဖော်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စစ်ကောင်စီက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယီချီ၍ စက်သုံးဆီများ တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေး ဖြင့် နိမ့်သော စျေးနှုန်းဖြင့် ဆီတင်သွင်းသူများကို ရောင်းချပေးနေရကြောင်း၊ ထို့ကြောင့် စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်ရေးအတွက် စက်သုံးဆီများကို ဆီထုတ်စမတ်ကတ် စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း၊ လတ်တ လော ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး စစ်ကောင်စီနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းအကြား ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း၊ အဆိုပါ ဆီထုတ်စမတ်ကတ် ပရောဂျက်ကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း၏ အတွင်း ရေးမှူးလည်းဖြစ်၊ မြတ်မေတ္တာမွန် ဆီဆိုင်ပိုင်ရှင်လည်းဖြစ်သူ ဒေါက်တာဝင်းမြင့် ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆီထုတ် စမတ်ကတ် ပရောဂျက်ကို ဦးဆောင်တာက အရင် ၂၀၁၀-၂၀၁၅ ခုနှစ် ကာလ ကြံ့ဖွတ်ပါတီ လှိုင်မြို့နယ်အမတ်ဟောင်း ဒေါက်တာဝင်းမြင့်က ဦးဆောင်လုပ်နေတာ။ စမတ်ကတ် ကို အကောင်ထည်ဖော်ချင်တာ ဒေါက်တာ ဝင်းမြင့်ပဲ။ သူက ထောထားဖူးတော့ ဂွင်ရှာနေတာ။ သူက အဓိက ပဲ” ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းသတင်းရင်းမြစ်က ဆိုသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန် (MMTM) သည် စစ်ကောင်စီနှင့် ထဲထဲဝင်ဝင်ပတ်သက်နေပြီး ရုရှားမှ စက်သုံးဆီတင်သွင်းရေး၊ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းရေး အပါအဝင် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း၊ မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့်လည်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချရေး လုပ်ငန်းများ ပတ်သက် ဆက်နွယ် နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စက်သုံးဆီတင်သွင်းသူများထံသို့ လိုအပ်သော အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေးထက် သက်သာစျေးဖြင့် အမြဲရောင်းချပေးနိုင်ခြင်းမရှိတော့သောကြောင့် စက်သုံးဆီ ဝယ်ယူခွင့်များကို ကန့် သတ်ရန်ရှိနေသော ဆီထုတ် စမတ်ကတ်များ ထုတ်ပေးကာ အကန့် အသတ်ဖြင့် ဆီဝယ်ယူခွင့်ပြုမည့် စနစ်ကို အကောင်အထည်ဖော်လာခြင်းဖြစ် ကြောင်း သိရှိရသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် စက်သုံးဆီများကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံအကြား တင်သွင်းရသော်လည်း စစ်ကောင်စီက ဆီတင်သွင်းမှုများကို အကြီးအကျယ် လျှော့ချကာ နိုင်ငံခြားငွေ ချွေတာနေသဖြင့် ပြည်တွင်းတွင် စက်သုံးဆီ မလုံလောက်မှုနှင့် ပြတ်လပ်မှု ပြဿနာများ မကြာခဏဆိုသလို ကြုံတွေ့နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကြံ့ဖွတ်ပါတီ အမတ်ဟောင်း မြတ်မေတ္တာမွန် ဆီပိုင်ရှင် နှင့် ဆီထုတ် စမတ်ကတ် စီမံချက် ဦးဆောင်သူ ဒေါက်တာ ဝင်းမြင့်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကြံ့ဖွတ်ပါတီ အမတ်ဟောင်း မြတ်မေတ္တာမွန် ဆီပိုင်ရှင် နှင့် ဆီထုတ် စမတ်ကတ် စီမံချက် ဦးဆောင်သူ ဒေါက်တာ ဝင်းမြင့်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article