28 C
Yangon

အရာတော်တွင် စစ်ကောင်စီက အသုံးပြုနေသော တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း အသစ်တစ်စင်း သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီက အသုံးပြုနေသော တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း အသစ်တစ်စင်း သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ အရာတော်မြို့နယ်အတွင်း ပျံသန်းသွားလာ ထောက်လှမ်းနေသော စစ်ကောင်စီ၏ ဒရုန်းတစ်စင်းကို သိမ်း ဆည်းရရှိကြောင်း၊ အဆိုပါ ဒရုန်းမှာ တရုတ်နိုင်ငံ၊ ဘေဂျင်းအခြေစိုက် AheadX က ထုတ်လုပ်ထားသော ထောက်လှမ်းရေး ဒရုန်းတစ်စင်းဖြစ်ပြီး အရာတော်မြို့နယ်တွင် ထောက်လှမ်း ပျံသန်းစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒရုန်းကတော့ သူ့ဘာသူ ပျက်ကျတာပဲ။ တရုတ်ဒရုန်းအမျိုးအစား” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက အသုံးပြုနေသော အဆိုပါတရုတ်လုပ် ဒရုန်းကို AheadXကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး AheadXကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ထားသော ကုမ္ပဏီဖြစ်ကာ တ ရုတ် ဘေဂျင်းအခြေစိုက် နည်းပညာ iFLYUAS ကုမ္ပဏီ၏ အခွဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article