27 C
Yangon

ဒီးမော့ဆိုမြို့နယ်၊ နန့်မယ်ခုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု လူ ၂ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန့်မယ်ခုံကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လူ ၂ ဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် ဒီးမော့ဆိုမြို့ နယ်၊ နန့်မယ်ခုံမြို့ကို စစ်ကောင်စီတပ်များက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးပြီး လူ ၂ ဦးထက်မနည်းသေဆုံးကြောင်း ၊ လက်ရှိတွင် အရေအတွက် အတိအကျ မသိရှိရသေးဘဲ ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာတော့မရှိပါဘူး။ ဒီအတိုင်း လာကျဲသွားတာ။ အခု သတင်းကြားထားတာက ၂ ဦးတော့သေတယ်ကြားတယ်။ သေဆုံးမှု အရေအတွက် ထပ်တိုးနိုင်တယ်။ ကျဲချသွားတာက ပေါင် ၅၀၀ ဗုံးတွေ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်က ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင်လည်း လေယာဉ်ထပ်မံ ပျံဝဲသွားခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင် လေယာဉ်များ မကြာ ခဏ ဝဲပျံပြီး လေ့လာထောက်လှမ်းမှုများ လုပ်ဆောင်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေး ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိထားသင့်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က အကြံပြု ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article