25.4 C
Yangon

ဟားခါးတွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း Chinland Defense Force – Hakha က ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ဟားခါးမြို့မှ စစ်ကောင်စီ တပ်သား ၂ ဦးသည် G-3 အမျိုးအစား သေနတ် ၂ လက် ယူဆောင်လာပြီး Chinland Defense Force – Hakha ထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသူ ၂ ဦးကို ဟားခါး CDF က ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ပြီးနောက် လက်ရှိချိန်တွင် လုံခြုံသော နေရာကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သော စစ်ကောင်စီ တပ်သားများ အနေဖြင့် CDF-Hakha ထံ ဆက်သွယ် အလင်းဝင်ရောက်နိုင်ပြီး အလင်းဝင်ရောက်လာသူများ၏ လုံ ခြုံရေးကို အပြည့်အဝ တာဝန်ယူကြောင်း Chinland Defense Force – Hakha ကပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article