25.4 C
Yangon

ရေတာရှည်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးများကျဲချမှု နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်များ သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်းရေတာရှည်မြို့နယ်နှင့်မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးများကျဲချမှု နှင့် လက်နက် ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ည ၈ နာရီအချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အရှေ့ခြမ်း ဗိုလ်တဲစုကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွား ၂ ကောင်နှင့် ခွေး ၁ ကောင် ထိမှန်သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၃၅၀၁ ၊တပ်ခွဲ ၄ သမန်းကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ပဲခူးတိုင်း ရေတာရှည်အရှေ့ခြမ်း ပတောက်ဆန်း ကျေးရွာအတွင်းကနေ စစ်တပ်က လက်နက်ကြီး ၃လုံး ပစ်ခတ်ပါတယ်။ ဗိုလ်တဲစုကျေးရွာအတွင်းကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပါတယ်။ နွား ၂ ကောင်နဲ့ ခွေး ၁ ကောင်လည်း လက်နက်ကြီးထိမှန်သေဆုံးပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့သို့ စစ်ကောင်စီတပ်များက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ ဖလံကုန်းကျေးရွာမှ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ပြီး လူ ၁ ဦးထိခိုက်ခဲ့ကြောင်း၊ ကျေးရွာရှိ ကြက်နှင့်ဝက်များလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article