26 C
Yangon

အရာတော်မြို့တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၃ စီး ပျက်စီးပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးပျက်စီးခဲ့ကြောင်း Ayadaw Rocket LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေ ခံလေ့ကျင့်ရေးတပ်မှ ထွက်လာသော အ ကြမ်း ဖက်စစ်တပ် စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းများ ရှာဖွေ ရှင်းလင်းရေး ပြုလုပ်နေစဉ် တူမီးပြောင်း ၃ ပြောင်း၊ မိုင်းလုံးရေ ၁၃ လုံး၊ ရှေ့ထွက်မိုင်း ၉ လုံး၊ စုစုပေါင်းမိုင်း ၂၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိ ခိုက်သေဆုံးမှုရှိပြီး ၃၆၉ အမြှောက်တပ်ဘက်သို့ အလောင်းနှင့်လူနာစစ် သား များကို သယ်ယူ ထွက်ခွာသွားကြောင်းသိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ကို စစ်တပ်က ရမ်း သမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လမ်းသွားလမ်းလာပြည်သူအချို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွား ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာ အနောက် ဘက်သို့ ညကင်း ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်‌သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း မုံရွာမြို့ဘက်မှ အရာတော်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် သံပြားကာ ထောက်ပို့ရိက္ခာ ကား ၁၇ စီးကို မိုင်းလုံးရေ ၁၈ လုံး၊ တူမီးပြောင်း ၃ ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး နေရာမှာပင် ထိခိုက်ပျက်စီးခဲ့ပြီး ၃၆၉ အ မြှောက်တပ်ထဲသို့ မိုင်းထိသော စစ်ကား တစ်စီး ဝင်ရောက်သွားကြောင်းသိရှိသည်။

ထို့ပြင် ကျန်ကားများသည် အရာတော်ဘက်သို့ ဆက်လက်မောင်းနှင်းသွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ညပိုင်း တွင် ယင်းစစ်ယာဉ်တန်းက မုံရွာမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Ayadaw Rocket LPDF ၊ Eagle Brother တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၂၁ တပ်ခွဲ ၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ နှင့် BGS Ayadaw Drone Force ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းထိမှန်ထားသော စစ်ကားတစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်တွင် မိုင်းထိမှန်ထားသော စစ်ကားတစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article