25 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဆက်တိုက် မီးရှို့ ဖျက်ဆီး နေပြီး ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ ဖျက်ဆီး နေပြီး ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် အစောပိုင်းမှစ၍ မဒေါင်းလှ ပျူစောထီးရွာ၌ တပ်စွဲထားသော အင်အား ၁၇၀ ခန့် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စည်ပုတ္တရာရွာ ၊ ဂျပို့ရွာနှင့် ပေါက်သင့်တုံရွာ တို့ကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွက် ပေကုန်းရွာ၊ သရက်ကန်ရွာ ၊ ငှက်ပျောရွာ၊ ပေါက်သင့်တုံရွာ၊ ဂျပို့ရွာနှင့် ဗအိုးရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့မနက် မဒေါင်းလှပျူရွာကနေ အနောက်ဘက်ရွာတွေကို ထပ်ထွက်လာတဲ့ အင်အား ၁၇၀ ခန့်ပါ စစ်ကြောင်းက စည်ပုတ္တရာ၊ ဂျပို့နဲ့ ပေါက်သင့်တုံရွာတွေကို မီးရှို့နေတယ်။ လက်ရှိ ပြည်သူတွေ ဖမ်းဆီးခံရမှု အတည်မပြုနိုင်သေးဘူး။ ဂျပို့ရွာကို လက်ရှိ ရှို့နေတယ်။ အဲရွာ ၃ ရွာလုံးက ကပ်နေတဲ့ ရွာတွေပါပဲ။ စစ်ကြောင်းဝင် မီးရှို့နေတာကြောင့် အနီးဝန်းကျင်ကရွာ တချို့လည်း ထပ်မံ တိမ်းရှောင်နေကြရတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘဲ ပြည်သူပိုင် နေအိမ်တွေကို အကြောင်းမဲ့မီးရှို့နေကြတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article