ရန်ကုန်၊စက်တင်ဘာ ၁၁
အဆိုပါ လှူဒါန်းငွေသည် သမဂ္ဂဝင်များထံမှ စုဆောင်းထားသော လူမှုရေးရန်ပုံငွေအနက်မှ မြန်မာနိုင်ငံ NUG အစိုးရသို့ ထောက်ခံ ထောက်ပံ့ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ ကျန်းမာရေးသမဂ္ဂ၏ အလှူငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ပေးပို့လိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနှင့် NUG-MoHADM ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူသားချင်းစာနာမှု ထောက်ပံ့ရေး စင်္ကြံ (Humanitarian Assistances Corridor for Myanmar) ကို အကောင်အထည်ဖော်လျက်ရှိရာ ကိုရီးယားအခြေစိုက် မြန်မာ ကိုရီးယား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ ထောက်ပံ့မှုများကို မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar