29 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက လုပ်မယ့် ရန်နိုင်မင်း စစ်ဆင်ရေးက လားရှိုးမြို့နဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ရေးဟာ ဦးစားပေးထိပ်တန်းရည်မှန်းချက်ဖြစ်ပြီး ၊ လေယာဉ်ဆီ၊ လေယာဉ်ပစ်ဒုံး ကျည်နဲ့ ခဲယမ်းတွေကို အိန္ဒိယနဲ့ ဥဘက်ကစ္စတန်နိုင်ငံကနေအဓိက ဝယ်ယူနေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • နေပြည်တော်က ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ တွေ အပါအဝင် နေရာအများအပြားမှာ ရေအမြင့် အနည်းဆုံး ၆ ပေကနေ ၉ ပေအထိ မြင့်တက်နေပြီး ပြည်သူတွေ ပိတ်မိနေကြသလို ရေစီးသန်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံပြည်သူတွေ နဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
  • ပြည်မြို့ နဲ့ မန္တလေးမြို့တွေမှာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ကိစ္စကို အကြောင်းပြပြီး ပြည်သူတွေဆီကနေ ငွေကြေးအမျိုးမျိုး ကောက်ခံနေသလို အိမ်ထောင်စုစာရင်းတွေ လိုက်လံ စစ်ဆေးနေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article