31 C
Yangon

ရန်ကုန်တွင် ငမိုးရိပ်ချောင်းရေတက်သဖြင့် မြောက်ဒဂုံနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ရေများ ဝင်ရောက်၊ ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်အထက် ရေ ၂ ပေ ကျော်လွန်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း(မြို့နယ်)နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ငမိုးရိပ်ချောင်း ရေကြီးသဖြင့် ရေများ ဝင်ရောက်လာကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ငမိုးရိပ်ချောင်းမှ ရေများ ဝင်ရောက်လာခြင်းဖြစ်ပြီး ရေမှာ ၁ ပေဝန်းကျင်ခန့် ရှိကြောင်း၊ ရေစီးသန်ပြီး အိမ်အောက်ထပ်များအတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၃ ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် ရေမှာ ၂ ပေဝန်းကျင်ရှိကြောင်း သိရှိရသည်။

“ငမိုးရိပ်ချောင်းနဲ့အနီးနားဆုံး ရပ်ကွက်တွေနဲ့ ချောင်းကမ်းဘေး ရပ်ကွက်တွေ ရေဝင်လာတယ်။ စိုးရိမ်စရာတော့မရှိသေးပါဘူး။ ရေကတော့ ၂ ပေလောက်ရှိတယ်။ . အိမ်အောက်ထပ်တွေနဲ့ မြေစိုက်အိမ်တွေ အကုန်ရေမြုပ်လာတယ်။ အနိမ့်ပိုင်းမှာ ရေက ခြေသလုံးကျော်ကျော်လောက်ရှိတယ်” ဟု မြောက်ဒဂုံ၊ ၃၃ ရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဦးဝီစာရလမ်းတစ်လျှောက်တွင် ငမိုးရိပ်ချောင်းမှ ရေများကြောင့် ကားလမ်းများပေါ်အထိပါ ရေများ ရောက်ရှိနေကြောင်း သိရှိရသည်။

“မိုးလေဝသဇက ကြေညာထားတာက ရန်ကုန်မှာ ဒီရေတက်တာလို့ ပြောတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်တွင်လည်း ရေများ ဝင်ရောက်လာကြောင်း၊ ရေကြီးသည့် အခြေအနေမျိုးမဟုတ်သော်လည်း လမ်းများတွင် ရေများ ရှိနေသည်ဟု ပြည်သူများက ဆိုကြသည်။

ရန်ကုန်ရှိ ငမိုးရိပ်ရေလှောင်တမံတွင်မူ ရေပြည့်အမှတ် ၁၀၇ ပေအထက်သို့ ၂ ပေရောက်ရှိနေပြီး ရန်ကုန်မြစ်အတွင်း စက်တင်ဘာလ ၁၇ ရက်နေ့မှ စက် တင်ဘာလ ၂၃ ရက်နေ့အထိ ထူးကဲဒီရေတက်တက်ရန် ရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မြောက်ဒဂုံတွင် ယနေ့ နံနက်ပိုင်း ငမိုးရိပ်ချောင်းရေတက်သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article