လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်
ရန်ကုန်၊စက်တင်ဘာ ၂၁
လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန်ရေးရာ တိုက် ပွဲ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများက ‘’Our Ambassador Myanmar’s Voice” “ငါတို့သံအမတ် ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားတို့ကို ကိုင်ဆောင်ပြီး မြန်မာ ပြည်သူများ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။