29 C
Yangon

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်တွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို မဲနှိုက်ခိုင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်တွင် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေကြောင်း မဲနှိုက်နေရသော လူငယ်တချို့၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်အတွင်းရှိ လူငယ်မှန်သမျှ အမှတ် ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ရုံးသို့ လာရောက်ရန် ဆင့်ခေါ်ပြီး မဲနှိုက်ခိုင်းနေခြင်းဖြစ်ကြောင်း၊ မဲပေါက်သော လူငယ်များသည် ယခု အောက်တိုဘာလ စစ်မှုထမ်းအပတ်စဉ် ၆ တွင် စစ်မှုထမ်းရမည်ဖြစ်ပြီး မဲပေါက်ပါက ထွက်မပြေးပါဆိုသော ဝန်ခံကတိကိုပါ တစ်ပါတည်း ရေးထိုးရမည်ဖြစ်ကြောင်း သိရှိရသည်။

“မနေ့က စာရွက်တွေ လာဝေတယ်။ အခု မဲနှိုက်ခိုင်းနေပြီ။ မဲပေါက်ရင် ထွက် ပြေးလို့လည်း မရပါဘူး။ မိဘရော မဲပေါက်တဲ့ လူငယ်ပါ လက်မှတ်ထိုးရမယ်။ အောက်တိုဘာ စစ်မှုထမ်းအပတ်စဉ်အတွက်လို့ပြောတယ်။ လူငယ်မှန်သမျှ အကုန် ရပ်ကွက်ရုံးကို ခေါ်ပြီး မဲနှိုက်ခိုင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မဲနှိုက်ရမည့် လူငယ်များကို ငွေကျပ် ၁၅၀၀၀ ပါ တစ်ပါးတည်းယူဆောင်ရန် အမှတ် ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် တရုတ်ကြီးက အတင်းအဓမ္မ ငွေကြေးတောင်းခံကြောင်း သိရှိရသည်။

“လူတွေမှ မပြေလည်ရတဲ့အထဲ ရုံးမှာလည်း မဲနှိုက်ရမယ်။ ပိုက်ဆံ ၁၅၀၀၀ လည်း ထည့်ရမယ်။ အုပ်ချုပ်ရေးမှူးရော တရုတ်ကြီးရော အင်မတန်မှ ဆိုးသွမ်းနေကြတာ” ဟု ရပ်ကွက်နေပြည်သူက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် အောက်တိုဘာလအတွင်းဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ယခုက တည်းက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ အတင်းအကျပ် ဆင့်ခေါ်ခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အတင်းအကျပ် စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အတင်းအကျပ် စစ်မှုထမ်းရန် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article