28 C
Yangon

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်က တနင်္သာရီမြို့နယ်၊ ရှေ့မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၆ တပ်မှ အင်အား ၄၀ ခန့်ဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တနင်္သာရီပကဖဇုန် ၅ပြည် သူ့ကာကွယ်ရေးအဖွဲ့က ပနပ်ငယ်ရွာအနီး ကျောက်မိုင်းကုန်းအရောက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် ဘန်းလမွတ်ရွာ အနီး လယ်ဦး ရေ တံခွန်းအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက် နေ့လည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ညောင်ပင် ကုန်းရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို တနင်္သာရီ ပကဖ ဇုန် ၅ အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်ထဲကို လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းပါ၊ မဇောရွာနဲ့ တုံးဗျောကျေးရွာအုပ်စုတွေကိုလည်း ဒရုန်းနဲ့ ဗုံးကျဲတာတွေဆက်တိုက်လုပ်တယ်။ စစ်ကြောင်းထိုးပြီး ပြည်သူတွေနေအိမ်က ပစ္စည်းတွေလည်းခိုးတယ်။ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်” ဟု မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အတူ စက်တင်ဘာ ၁၇ ရက်က တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာ စာသင်ကျောင်းအနီးတွင် ကင်းချထားသော စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရလူနာများကို သယ်ဆောင်သွားစဉ် လမ်း၌ တစ်ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article