25 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံး၊ ဖာပွန်မြို့နယ်တွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ ညပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချသဖြင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာသို့ စစ်ကောင်စီ၏ တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိတိ ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီ၏ တိုက် လေ ယာဉ်က ဗုံး ၁၁ လုံး ကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု မိုးတွေ တအားရွာနေလို့ အခင်းဖြစ်တဲ့နေရာကို သွားလို့မရသေးဘူး။ ဗုံးကျဲခံရတဲ့ သတင်းကရောက်နေပါပြီ။ ပြည်သူ ၂ ဦးသေဆုံးပါတယ်။ ၂ ဦးဒဏ်ရာရရှိထားတယ်” ဟု ခင်ဦးမြို့နယ်မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် နေအိမ်များ ပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် တောင်သုံးလုံးစခန်းရှိ အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီ တပ်များက ဖာပွန်မြို့နယ် ထီးသဘလုထာကျေးရွာအုပ်စု၊ ထီးလော်သီထာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့သော ကြောင့် ပြည်သူပိုင်နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထိုတပ်စခန်းက ဖာပွန်မြို့နယ် ကတိုင်တိကျေးရွာအုပ်စု နှင့် ထီးသဘလုထ ကျေးရွာအုပ်စုတွင် ပါဝင်သော ထီးသဲလေးကျေးရွာ နှင့် ထီးလော်သီထ ကျေးရွာများသို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထု လုပ်ကိုင်စားသောက်နေသော လယ်ယာ နှင့် တောင်ယာများမှ စပါးပင်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article