ရန်ကုန်၊ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော နေအိမ်၊ ဟိုတယ်နှင့် စျေးဆိုင် အပျက်အစီးများကို MNDAA က ရှင်းလင်းပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးနေကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၄ ရက် နံနက်အစောပိုင်းစစ်ကောင်စီက လားရှိုးမြို့ကို ရုတ် တရက် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ၊ ဟိုတယ်များနှင့် စတိုးဆိုင်များ အများအပြား ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ အပျက်အစီးများကြောင့် ပုံမှန်အခြေအနေ ပျက်ပြယ်သွားပြီး ဒေသပြည်သူများ ထိတ်လန့်တကြားဖြစ်ခဲ့ရကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အပြီးတွင် MNDAA က အပျက်အစီးများကို ရှင်းလင်းပြီး လားရှိုးကို အမြန်ဆုံး ပြန်လည် ပြုပြင် နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၄ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း၊ အဆိုပါ လူ နာ များကို လားရှိုးမြို့ စစ်ကော်မရှင် အကြီးအကဲ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပတ်သက်၍ စိုးရိမ်သဖြင့် ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar