လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ‘သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်ခန့်အပ်ရေး တောင်းဆိုဆန္ဒပြ
ရန်ကုန်၊စက်တင်ဘာ ၂၆
လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန် ရေးရာတိုက်ပွဲတွင် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြသပိတ်လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။
ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူများက ‘’Our Ambassador Myanmar’s Voice” “ငါတို့သံ အ မတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်‘’ စာသားတို့ကို ကိုင်ဆောင်ပြီး ထောက်ခံဆန္ဒပြုသပိတ်လှုပ်ရှားမှုကို စက်တင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်