30 C
Yangon

ဆားလင်းကြီးမြို့ကို ရိက္ခာပို့ပြီး မုံရွာသို့ ပြန်လာသည့် စစ်သင်္ဘော ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်

Must read

ဆားလင်းကြီးမြို့ကို ရိက္ခာပို့ပြီး မုံရွာသို့ ပြန်လာသည့် စစ်သင်္ဘော ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကို ရိက္ခာပို့ပြီး မုံရွာသို့ ချင်းတွင်းမြစ်ကြောင်း အတိုင်း ပြန်လာသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့မှ အကြမ်းဖက်စစ်သားများနှင့် လက်နက်ခဲယမ်း ရိက္ခာများ ဆားလင်းကြီးမြို့သို့ သွားရောက် ပို့ဆောင်ပြီးနောက် မုံရွာမြို့ကို ပြန်လာစဉ် ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်‌ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers People Defense Force ၊ Fight For Freedom (F3) နှင့် Chindwin Defence Force (CDF) တို့ ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article