27 C
Yangon

မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို လေကြောင်းဖြင့် မှားယွင်း ပစ်ခတ်မှုနှင့် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် စစ်သားအချင်းချင်း မှားယွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေးအင်အားစုများ အထိုင်ချ ထားသော မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာကို မန္တလေးဘက်မှ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲအတွင်း အထိနာသော အကြမ်းဖက် စစ်တပ်က နံနက် ၈ နာရီ ဝန်းကျင်မှစတင်၍ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင် ပတ်ပတ်လည်ကို ပစ်ခတ်တိုက်ခိုက်ပြီး လေကြောင်း ပစ်ကူတောင်းခံခဲ့ရာ နံနက် ၉ နာရီခန့်တွင် လေကြောင်း ပစ်ကူရောက်ရှိလာပြီး ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တည်နေရာ မှားယွင်းမှုကြောင့် မြေပြင်ရှိ အကြမ်းဖက်စစ်သားများ ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မြေပြင်စစ်သားများအချင်းချင်းလည်း မှားယွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက် ကျား တပ်ဖွဲ့၊ BRA LDF ၊မန္တလေးခရိုင် ပ.က.ဖ၊ မတ္တရာမြို့နယ် ပ.က.ဖ၊ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ၊ အောင်မြေသာစံမြို့နယ် ပ.က.ဖ (Thunderbird)၊ Taw Twin Toopi (LDF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်ကလည်း မတ္တရာမြို့နယ်၊ ဆူးကား အလယ်ရွာတွင် ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီအုပ်စုကို အနီးကပ်သွားရောက်ပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက် ကျားတပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပ.က.ဖ နှင့် ချမ်းမြသာစည်မြို့နယ် ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article