28 C
Yangon

ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်းထောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအဖ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မောင်းထောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးနှင့် မိတ္ထီလာရှမ်းတဲ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သုံးလုံးကျဲတယ်။ စက်လက်နဲ့လည်း ပစ်တယ်။ တိုက်ပွဲလည်း မဖြစ်ပါဘူး။ အကြောင်းမဲ့ လာပစ်သွားတာ။ စာသင်ကျောင်းထဲက နား နေဆောင် ပေါ်လည်းကျတယ်။ ဆေးရုံပေါ်လည်း ကျတယ်။ လူအထိအခိုက်ကတော့ ဒေသခံရွာသားတစ်ဦး နားအုံအနောက်ဖက် ရှပ်ထိသွားတယ်။ အဆောက်အဦးကတော့ ကျောင်းဆောင်ရယ်၊ ဆေးရုံအဆောက်အဦးရယ် ပျက်စီးတယ်။ ရွာလယ်က ဓမ္မာရုံလည်း အနည်းငယ် ပျက်စီးမှုရှိတယ်” ပအဖ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော မောင်းထောင်ရွာသည် စက်တင်ဘာလ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကူတော်ရွာနှင့် အနီးဆုံးရွာ တစ်ခုဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article