26 C
Yangon

တောင်ကုတ်နှင့် သံတွဲမြို့တို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် စစ်ကောင်စီက လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့၏ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုချက်အရ သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် သံတွဲမြို့နယ်ညောင် ခြေ ထောက် ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ၏ လေယာဉ်များက ဗုံးကျဲချခဲ့ရာ ညောင်ခြေထောက်ရွာသား ဦးအောင်နိုင်သူ သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ၊ ဒဏ်ရာရရှိသူမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သံတွဲဘက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းလိုလို မကြာခဏဖြစ်လို့ ရွာတွေဘက်မှာ ဗုံးခိုကျင်းတွေ တူးပြီး နေရတယ်။ နေ့နေ့ ညည ဗုံးခို ကျင်းထဲဝင်နေကြရတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေတော့ မရဘူး။ ရင်းနှီးတဲ့ AA တပ်တော် ရဲဘော်တွေက တစ်ဆင့် မိသားစု အကြောင်း မကြာခဏ လှမ်း လှမ်းမေးနေရတယ်” ဟု ရန်ကုန်ရောက် သံတွဲမြို့သား၊ ကားဝပ်ရှော့လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန် တောင်ကုတ်မြိုနယ်၊ ခေါင်းလောင်းတူရွာကို စစ်ကောင် စီ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူမှာ အသက် ၁၄ နှစ်အရွယ် မောင်မိုးမြင့်သူဖြစ်ကြောင်း သိရှိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက ” ည ၁၂ နာရီလောက်မှာ စစ်ကောင်စီက ခေါင်း လောင်းတူရွာကို ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဘာတိုက်ပွဲမှလည်း ရှိတာမဟုတ်ဘူး။ တမင်းရည်ရွယ်ပစ်ခတ်ခဲ့တာပါ။ ရွာပြင်အစပ်နားလေးမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ် ၁ ဦး ခေါင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်။ ” ဟု ပြောသည်။

စစ်ကောင်စီက ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ် ဆောင်လျက်ရှိရာ ဒေသပြည်သူများ မကြာခဏ သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

Photo- APM ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article