26 C
Yangon

စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီအတွက် သန်ခေါင်းစာရင်း ကောက်ယူရန် ကူညီပေးနေသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီအတွက် သန်ခေါင်းစာရင်း ကောက်ယူရန် ကူညီပေးနေသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စေတုတ္တရာမြို့နယ်၊ နန်ကြူရွာ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး မုန်တိုင်းကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက် ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်နှင့် စကစ ပတ်သက်သည့် အချက်အလက် မှတ်တမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက် ဖမ်းဆီးစဥ် နန်ကြူရွာနှင့် ၃ ကီလိုမီတာခန့်ရှိ နန်ကြူရွာ ပျူစောထီးအဖွဲ့မှ သေနတ်များဖြင့် လိုက်လံ ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို မုန်းတိုင်းကို ကယ်ထုတ်ရန် ကြိုပမ်းခဲ့ကြောင်း၊ ယင်းသို့ သေနတ်သံများကြားသောအခါ ​ပျူစောထီး ခေါင်းဆောင် မုန်တိုင်းသည် တော်လှန်ရေး ရဲဘော်များ၏ သေနတ်ကို လုခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော နန်ကြူရွာ အုပ်ချုပ်ရေးမှူး မုန်တိုင်းသည် ကျေးရွာတိုက်နယ်တွင် ပါဝင်သော ကျေးရွာအုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်း ကောက်ရန် ကိစ္စနှင့် အောက်တိုဘာလ ၂ ရက်နေ့တွင် အစည်းအဝေး ဆင့်ခေါ်ထားကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပျူးစောထီးအဖွဲ့ ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်းကောက်ခြင်းများတွက် ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်း များ မလုပ်ဆောင်ကြရန်နှင့် ပူးပေါင်းခြင်း၊ ပံ့ပိုးကူညီခြင်း ၊ပါဝင်ပတ်သက်ခြင်းများ လုပ်​ဆောင်ပါက စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article