27 C
Yangon

အကြမ်းဖက် စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လားရှိုးမြို့ကို စစ်လေယာဉ်များဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

အကြမ်းဖက် စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ကို လေယာဉ်များဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း MNDAA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှ စတင်ပြီး လားရှိုးမြို့ကို ဆက်တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လေယာဉ်ဖြင့် ဗုံးကျဲမှု ၄ ကြိမ်ရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲခဲ့ပြီး ရပ်ကွက် ၈၊ ၁၂၁ အနောက်လမ်းကြားသို့ ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ကနဦးအနေဖြင့် လူထိခိုက်မှုမရှိဟု သိရှိရကြောင်း MNDAA သတင်းရင်းမြစ်က သတင်းဖော်ပြထားသည်။

အလားတူ ယနေ့ နံနက် ၄ နာရီ ၈ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင်လည်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နေရာအတိအကျနှင့်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း MNDAA သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများ ရပ်နားခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် လေယာဉ်များဖြင့် ဗုံးကျဲမှုများ ပြန်လည် စတင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

စစ်ကောင်စီက ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် စစ်ဆင်ရေး နယ်မြေမဟုတ်သော နယ် မြေများတွင် အနည်းဆုံး လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား အနည်းဆုံး ၃၁ ဦးထက်မနည်း သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဇူလိုင်လအတွင်း လားရှိုးစစ်ပွဲတွင် မကြာခဏရှုံးနိမ့်မှုများကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်း ဗုံးကျဲတိုက်ခိုက်ခံရသည့် ဧရိယာများတွင် မြို့တော် လောက်ကိုင်မြို့၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်ကြောင်း၊ စစ်ကောင်စီက MNDAA ၏ အထူးဒေသ ၁ ရှိ စစ်ဆင်ရေး နယ်မြေ မဟုတ်သောဒေသများသို့ ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်များကို ဆက်တိုက် စေလွှတ်ခဲ့ကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့အထိ တိုက်ပွဲများမရှိခဲ့ဘဲ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့အပါ အဝင် အထူးဒေသ ၁ တွင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းမှ ဗုံးအလုံး ၁၀၀ ကျော် ကြဲချခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်တွင် အရပ် သားသေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ လူ ၃၁ ဦး သေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ မရေမတွက်နိုင်သော အများပိုင်အဆောက် အအုံများဖြစ်သည့် နေအိမ်များ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုသည် တိုင်းတာ၍ မရနိုင်ကြောင်း MNDAA က ထုတ်ပြန်သည်။

ဓာတ်ပုံ – စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ နံနက်အစောပိုင်းနှင့်ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အဆောက်အအုံများ မီးလောင်နေသော မြင် ကွင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article